မင်းဘူးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ တိုးတက်မြင့်မားရေးအတွက် ခေတ်မီအဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရေးနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး စသည့်သင်ခန်းစာများဖြင့် မင်းဘူးခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းကို မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၁၀ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။



