သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ သမဝါယမအသင်းစုပိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်စစ်ဆေးခဲ့ပြီး၊ ကြက်မွေးမြူရေး၊ တိရစ္ဆာန်အစာစပ်စက်ရုံ တည်ဆောက်ရေး၊ နေကြာစိုက်ပျိုးရေးနှင့် နွားမွေးမြူရေးတို့ကို ကြည့်ရှုစစ်ဆေးကာ တိရစ္ဆာန်ရောဂါ ကာကွယ်ရေး၊ မှတ်တမ်းတင်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များ စနစ်တကျ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။



