(၁၆)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်ကာ ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု ဘော်နင်းဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့တွင် ကျင်းပခဲ့ပြီး၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာဓလေ့များကို ထိန်းသိမ်းရန်နှင့် တောင်ရိုးအမျိုးသားနေ့ ကျင်းပရခြင်းရည်ရွယ်ချက်ကို တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ရှင်းလင်းတင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။



