၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ တရုတ်နိုင်ငံတစ်ဝန်း မူးယစ်ဆေးနှင့်ဆက်နွှယ်သည့် ရာဇ၀တ်မှုပေါင်း ၃၈,၀၀၀ ခန့်ကို နှိမ်နင်းနိုင်ခဲ့ပြီး မူးယစ်ဆေးမျိုးစုံ ၂၈ တန်ကျော် ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ နိုင်ငံတော်မူးယစ်ဆေးတိုက်ဖျက်ရေးလှုပ်ရှားမှု၏ တစ်စိတ်တစ်ဒေသအနေဖြင့် ကြီးလေးေသာ မူးယစ်ဆေးနှင့်ဆက်နွှယ်သည့် ပြစ်မှုများတွင် ပါဝင်ပတ်သက်နေသည့် အလိုရှိစာရင်းရှိ တရားခံပြေးခုနစ်ဦးကိုလည်း ပြည်သူ့လုံခြုံရေးအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်းသိရသည်။ မူးယစ်ဆေးကိစ္စကို ထိထိမိမိထိန်းချုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်နိုင်ငံများနှင့်ပါ ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။



