back

မွန်ပြည်နယ်အတွင်း ဘိလပ်မြေဈေး ပြန်ကျ

Mar 01 • 4:56 PM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်အတွင်း ဘိလပ်မြေဈေး ပြန်ကျ

တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ဘိလပ်မြေများ ဖြန့်ဖြူးပေးပြီးနောက် မွန်ပြည်နယ်အတွင်း ဘိလပ်မြေဈေးများ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဘိလ...


တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ဘိလပ်မြေများ ဖြန့်ဖြူးပေးပြီးနောက် မွန်ပြည်နယ်အတွင်း ဘိလပ်မြေဈေးများ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဘိလပ်မြေတစ်အိတ်လျှင် ၃၆၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာခဲ့သော်လည်း ယခုတွင် ၃၀၀၀၀ အောက်ပြန်လည်ကျဆင်းလာကြောင်း ‌ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ယခင်တွင် ဝယ်ယူရခက်ခဲကာ ပစ္စည်းပြတ်လပ်မှုများ ရှိနေသော်လည်း လက်ရှိဈေးကွက်အတွင်း လိုသလောက်ဝယ်ယူ၍ ရနေသည်ဟု ဆိုသည်။



news-view-count-icon

16