နိုင်ငံ၏ ထိပ်တန်း ညဏ်ရည်တု(AI) စွန့်ဦးတီထွင်သူများနှင့် သုတေသီများကို အမေရိကသို့ ခရီးမသွားကြရန် တရုတ်အာဏာပိုင်များက ညွှန်ကြားထားကြောင်း ယင်းကိစ္စနှင့် နီးစပ်သူများကို ကိုးကား၍ ဝေါစထရိဂျာနယ်က သောကြာနေ့တွင် ဖော်ပြခဲ့သည်။ နိုင်ငံရပ်ခြားသို့ ခရီးသွားလာနေသော တရုတ် AI ပညာရှင်များအနေဖြင့် နိုင်ငံ၏ တိုးတက်မှုနှင့် ပတ်သက်သော လျှို့ဝှက်အချက်အလက်များကို ထုတ်ဖော်ပြောဆိုရသည့် အခြေအနေမျိုး နှင့်တွေ့ကြုံရမည်ကို အာဏာပိုင်များက စိုးရိမ်နေပါသည်။



