back

ရွိုင်ကိန်းရဲ့ဝေဖန်မှုကို ခံခဲ့ရတဲ့ ဘရူနိုဘက်ကနေ အာမိုရင်ရပ်တည်

Mar 01 • 11:48 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရွိုင်ကိန်းရဲ့ဝေဖန်မှုကို ခံခဲ့ရတဲ့ ဘရူနိုဘက်ကနေ အာမိုရင်ရပ်တည်

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ကွင်းလယ်လူဟောင်း ရွိုင်ကိန်းရဲ့ဝေဖန်မှုကို ခံခဲ့ရတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဘက်ကနေ ရပ်တည်ခဲ့ပြီး နည်းပြရဲ့အမြင်က ပိုအရ...

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ကွင်းလယ်လူဟောင်း ရွိုင်ကိန်းရဲ့ဝေဖန်မှုကို ခံခဲ့ရတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဘက်ကနေ ရပ်တည်ခဲ့ပြီး နည်းပြရဲ့အမြင်က ပိုအရေးပါတယ်လို့ ပြောခဲ့ပါတယ်။ အာမိုရင်က “ကျနော် ဒီအကြောင်းကို ကြားခဲ့ပါတယ်။ ကျနော့်မှာလည်း မတူညီတဲ့အမြင်ရှိပါတယ်။ ဘရူနိုက အသင်းအတွက်ရော ကျနော့်အတွက်ပါ အလွန်အရေးပါတဲ့သူပါ။ သူဟာ အသင်းဖော်တွေကို စိတ်ပျက်ပြီး ဝေဖန်တဲ့ပုံစံတွေလုပ်တာကို ကျနော်သိပါတယ်။ လူတိုင်းမှာအမြင်ရှိပြီး၊ ရွိုင်ကိန်းဟာ သူကစားခဲ့တဲ့အချိန်တုန်းက ကြီးမားတဲ့စံနှုန်းတွေရှိခဲ့ပါတယ်။ ကျနော်က နည်းပြဖြစ်တဲ့အတွက် ရွိုင်ကိန်းရဲ့အမြင်ထက် ကျနော့်ရဲ့အမြင်က ပိုအရေးပါတယ်လို့ထင်ကြောင်း" ပြောခဲ့တာပါ။


news-view-count-icon

14