မတ် ၁ ရက်(ယနေ့) နံနက် ၇ နာရီ အချိန်ခန့်က ရှမ်းပြည် နယ် ကျိင်းတုံမြို့ အမှတ်(၂)ရပ်ကွက် ကျိုင်းတုံ-လွိုင်မွေလမ်း နောင်ခမ်းလမ်းဆုံရှိ ညောင်ပင်၏သစ်ကိုင်းခြောက်များ လမ်းပေါ်သို့ကျိုးကျသဖြင့် လမ်းသွားလမ်းလာများအန္တရယ်ကင်းရန်အတွက် ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၁)စီးဖြင့် သွားရောက်၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ရကြောင်း သိရသည်။



