ဆောင်းသီးနှံ မတ်ပဲရိတ်သိမ်းကာလမှာ လုပ်သားရှားပါးနေပြီး ပြီးခဲ့တဲ့နှစ်ထက် လုပ်ခနှစ်ဆပေးပြီး ငှားရမ်းနေရတယ်လို့ မတ်ပဲစိုက်တောင်သူတွေဆီက သိရပါသည်။လက်ရှိ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းဒေသကြီးတို့မှာ မတ်ပဲ၊ ပဲတီစိမ်း အပါအဝင် ရာသီပေါ် သီးနှံတွေကို ရိတ်သိမ်းသိုလှောင်ရမယ့်အချိန် ကျရောက်နေပါသည်။နေ့စားလုပ်အားခတွေ ဈေးတက်လာသလို ပြီးခဲ့တဲ့နှစ် ဆောင်းမတ်ပဲရိတ်သိမ်းချိန်က ဧကပြတ်အလုပ် သမားငှားရမ်းခအနေနဲ့ တစ်ဧကကို ၁၄၀,၀၀၀ ကျပ်လောက်သာ ရှိခဲ့ပေမယ့်၊ အခုနှစ်မှာတော့ တစ်ဧကကို ၁၈၀,၀၀၀ ကျပ်လောက်အထိ မြင့်တက်လာပါသည်။



