ဒီယနေ့မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ အမျိုးသားတစ်ဦးက အသက် ၂၅ နှစ်ဝန်းကျင်ရှိတဲ့ အမျိုးသမီးတစ်ဦး ဓားခုတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်း မြစ်ကြီးနား အဖွဲ့မှ သိရှိရပါသည်။ခုတ်သတ်ခံရတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကိုတော့ မြစ်ကြီးနားရင်ခွဲရုံကို ပို့ဆောင်ထား ဖြစ်ပြီး ကျူးလွန်သူကိုလည်း အမျိုးသမီးသတ်ခံရတဲ့ နေရာမှာတင် ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါသည်။သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ အစ်မဖြစ်သူနဲ့ ပြစ်မှုကျူးလွန် အမျိုးသားတို့က အချင်းချင်းရန်ဖြစ်ထားကြတဲ့ အခြေနေရှိတယ်လို့ သိရပြီး စီတာပူရပ်ကွက်မှာပဲ အိမ်ငှားနေထိုင်ကြတဲ့ သူတွေဖြစ်တယ်လို့ သိရပါသည်။



