မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေ (Gross National Income – GNI) ဟာ အာဖဂန်နစ္စတန်နဲ့ နီပေါနိုင်ငံတွေပြီးရင် တတိယနေရာမှာ ရှိနေပြီး၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံး အာရှ ၁၀ နိုင်ငံထဲမှာ မြန်မာပါဝင်လျက်ရှိကြောင်းကို ကမ္ဘာ့လူဦးရေဆိုင်ရာအချက်အလက်တွေကို ပြုစုတဲ့ World Population Reviews ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကြောင်း သိရပါသည်။World Population Reviews အရ အာဖဂန်နစ္စတန်ဟာ အာရှမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး တစ်ဦးချင်းဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၆၉၀ ပဲ ရှိပါသည်။



