မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲကြီးကို မြတ်စွာဘုရားရှင်၏ ဗုဒ္ဓဖြစ်တော်စဉ် (ဗုဒ္ဓဝင်)ဒေသနာတော်များအား အကျယ်တဝံ့သိရှိ ပူဇော်နိုင်ကြရေး အတွက် စည်ကားသိုက်မြိုက်စွာဖြင့် နှစ်စဉ် ကျင်းပလျက်ရှိရာ ရဟန်းရှင်လူ၊ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ဖြေဆိုပူဇော်ကြသော စာမေးပွဲဖြေဆို ပူဇော်ပွဲတစ်ရပ် ဖြစ်ပါတယ်။ မဟာဗုဒ္ဓဝင်ပြန့်ပွားရေး သာသနာပြုလုပ်ငန်းစဉ်ကို ဓမ္မဒါနကုသိုလ်ပြု လှူဒါန်းလိုပါက အဖွဲ့ဝင်များအနေနဲ့ လစဉ်သုံးသောင်းကျပ် ထည့်ဝင် လှူဒါန်းခြင်းဖြင့်လည်းကောင်း၊ စာအောင်ဆုငွေများ ထည့်ဝင်လှူဒါန်းခြင်းဖြင့်လည်းကောင်း ကုသိုလ် ရယူကြနိုင်ရန် ထုတ်ပြန်ထားသည်။



