ဖေဖော်ဝါရီလ (၂၈) ရက်နေ့ကမြန်မာ-တရုတ် သံတမန်ထူထောင်ခြင်း (၇၅)နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(မန္တလေး)နှင့် ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်းတို့ ပူးပေါင်း၍ Yunnan Economics Trade and Foreign Affairs College ၏ အကူအညီဖြင့် တရုတ်အစားအစာချက်ပြုတ်နည်းသင်းတန်း ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ Royal Taunggyi ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။အဆိုပါ တောင်ကြီးမြို့တွင်ဖွင့်လှစ်သည့် တရုတ်အစားအစာချက်ပြုတ် နည်းသင်တန်းကို (၂၈-၂-၂၀၂၅)ရက်နေ့မှ (၅-၃-၂၀၂၅) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ရာ သင်တန်းသား /သင်တန်းသူ (၄၆) ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်း သတင်းရရှိ ပါသည်။



