back

ခေါဇာမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများတွင် ပုဂ္ဂလိကလျှပ်စစ်မီး သတ်မှတ်ချိန်အတိုင်း ပေးရန်နှင့် ဈေးနှုန်းလျော့ချပေးရန် ဒေသခံများ တောင်းဆို

Feb 28 • 4:33 PM

breaking-news

မြန်မာ

မွန်

cover

ခေါဇာမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများတွင် ပုဂ္ဂလိကလျှပ်စစ်မီး သတ်မှတ်ချိန်အတိုင်း ပေးရန်နှင့် ဈေးနှုန်းလျော့ချပေးရန် ဒေသခံများ တောင်းဆို

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများတွင် ပုဂ္ဂလိကလျှပ်စစ်မီးသတ်မှတ်ချိန်အတိုင်း ပေးရန်နှင့် ဈေးနှုန်းလျော့ချပေးရန် ဒေသ...


မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများတွင် ပုဂ္ဂလိကလျှပ်စစ်မီးသတ်မှတ်ချိန်အတိုင်း ပေးရန်နှင့် ဈေးနှုန်းလျော့ချပေးရန် ဒေသခံများ တင်ပြတောင်းဆိုထားကြောင်း သိရသည်။လျှပ်စစ်မီးကို နံနက်ပိုင်းနှင့် ညပိုင်းတွင် ပေးရမည်ဖြစ်သော်လည်း ယခု ဖေဖော်ဝါရီလအတွင်း နံနက်ပိုင်းအချိန် လျှပ်စစ်မီးမပေးဘဲ ညပိုင်း၌ ၆ နာရီမှ ၈ နာရီအထိသာ ‌မီးပေးကြောင်း ဆိုသည်။ထို့ပြင် ကုမ္ပဏီအနေဖြင့် လျှပ်စစ်မီးကို ၅ ရက်ဆက်တိုက် မပေးသည့် ကာလများလည်း ရှိလာနေကြောင်း ‌၎င်းဒေသခံက ပြောသည်။



news-view-count-icon

19