back

ရန်ကုန်ရှိ အစိုးရဆေးရုံများတွင် အခမဲ့ဆေးဝါးကုသမှုမရတော့သဖြင့် ပြည်သူများ ဆေးကုသမှုစရိတ်ကြီးမြင့်မှု ဒဏ်ကိုခံနေရ

Feb 28 • 4:36 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ရှိ အစိုးရဆေးရုံများတွင် အခမဲ့ဆေးဝါးကုသမှုမရတော့သဖြင့် ပြည်သူများ ဆေးကုသမှုစရိတ်ကြီးမြင့်မှု ဒဏ်ကိုခံနေရ

ရန်ကုန်ရှိ အစိုးရဆေးရုံများတွင် အခမဲ့ဆေးဝါးကုသမှုမရတော့သဖြင့် ပြည်သူများ ဆေးကုသမှုစရိတ်ကြီးမြင့်မှုဒဏ်ကိုခံနေကြရသည်ဟု ဆေးရုံတက်ရောက်နေသူများထံမှ စုံစမ်းသိရှိရသည...


ရန်ကုန်ရှိ အစိုးရဆေးရုံများတွင် အခမဲ့ဆေးဝါးကုသမှုမရတော့သဖြင့် ပြည်သူများ ဆေးကုသမှုစရိတ်ကြီးမြင့်မှုဒဏ်ကိုခံနေကြရသည်ဟု ဆေးရုံတက်ရောက်နေသူများထံမှ စုံစမ်းသိရှိရသည်။ဗဟိုအမျိုးသမီးဆေးရုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့တွင်လည်း ဆေးကုသမှုစရိတ် အခမဲ့အစီအစဉ်များမရှိတော့ဘဲ ငွေထုတ်ပိုက်၍ ဆေးလာကုနေရပြီဟုလည်း ဆေးရုံတက်နေသူများက ဆိုသည်။ဗဟိုအမျိုးသမီးဆေးရုံ၌ (၁၅)ရက်ကြာ တက်ရောက်ကုသမှုခံယူခဲ့ရာ သွေးစစ်ဆေးခြင်းကအစ အပြင်ဓာတ်ခွဲခန်းများထံ အပ်နှံကြရကာ ခွဲစိတ်ကုသမှုမပါဘဲ ငွေကျပ်သိန်း (၄၀)နီးပါး ကုန်ကျသည်ဟု ဆိုသည်။နယ်စပ်များမှ ဆေးတင်ပို့ခြင်း ကန့်သတ်ခံရသဖြင့် ဆေးစရိတ်ကြီးလာခြင်းတို့ကြောင့် ဆေးဝါးဈေးနှုန်းကြီးမြင့်လာပြီး အခြေခံလူတန်းစားများအတွက် အခက်အခဲများဖြစ်နေရသည်ဟု သိရသည်။



news-view-count-icon

27