မန္တလေးတိုင်း၊ မန္တလေးမြို့ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဥ်မတော်တဆဖြစ်မှုအတွက် ဝတ်စုံပြည့်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်ကပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီးကော်မတီ)ထံမှ သိရသည်။ထို့ပြင် အရေးပေါ်ကုသရန်လိုအပ်သောလူနာများကို ရှေးဦးပြုစုကုသပေးခြင်း၊ သက်ဆိုင်ရာဆေးရုံများသို့ ပို့ဆောင်ပေးခြင်းတို့ကို ပူးပေါင်းပါဝင်လေ့ကျင်ခဲ့ကြကြောင်း သိရသည်။



