အမေရိကန်ကုမ္ပဏီ Nvidia ရဲ့အဆင့်မြင့်ချစ်ပ်တွေ ဝယ်ယူမှုမှာ တရုတ်ရဲ့ လူလုပ်အသိဉာဏ်ဆိုင်ရာ စွန့်ဦးကုမ္ပဏီ DeepSeek ရဲ့ လိမ်လည်မှုမှာ ပါဝင်မှုနဲ့ လူသုံးဦးကို ဒေသန္တရအာဏာပိုင်တွေက စွဲချက်တင်ထားပါတယ်။ Nvidia ရဲ့တစ်ပိုင်းလျှပ်ကူးပစ္စည်းကို စင်ကာပူရှိ တတိယအဖွဲ့တွေကတစ်ဆင့် DeepSeek ကဝယ်ယူတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပို့ကုန်ကန့်သတ်ချက်တွေကို ရှောင်တိမ်းနိုင်တယ်လို့ဆိုပြီး အမေရိကန်တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ စွဲချက်တင်ခံရသူ ၃ ဦးဟာ စင်ကာပူနိုင်ငံသား၂ ဦးနဲ့ တရုတ်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း ကြာသပတေးနေ့တွင် စင်ကာပူမီဒီယာက ဖော်ပြခဲ့ပါတယ်။ DeepSeek ဟာ ကုန်ကျစရိတ်သက်သက်သာသာနဲ့ အစွမ်းထက်တဲ့ ဆင့်ပွားဖန်တီးနိုင်စွမ်းရှိတဲ့ AI မော်ဒယ်ကို တီထွင်ခဲ့တယ်လို့ ဆိုတဲ့အတွက် ဇန်နဝါရီနှောင်းပိုင်းမှာ တစ်ကမ္ဘာလုံးက အာရုံစိုက်လာခဲ့ပါတယ်။



