ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ပြင်းပြင်းထန်ထန်လောင်ကျွမ်းနေတဲ့ တောမီးတွေကို အာဏာပိုင်တွေက ဆက်လက် ငြိမ်းသတ်နေပါတယ်။ မီးလောင်ကျွမ်းမှုစတင်ခဲ့ပြီးနောက်ပိုင်း လူတစ်ဦးသေဆုံးပြီး အဆောက်အအုံ ဒါဇင်များစွာ ပျက်စီးခဲ့ပါတယ်။ Iwate ခရိုင်တာဝန်ရှိသူတွေက တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ဖို့ ဒေသန္တရ မီးသတ်တပ်ဖွဲ့တွေ၊ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေက ယေန ့သောကြာနေ့မှာ ရဟတ်ယာဉ်တွေကို စေလွှတ်ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုဟာ ဗုဒ္ဓဟူးနေ့မှာ စတင်ခဲ့ပြီး ကမ်းရိုးတန်းမြို့ Ofunato ရဲ့ နေရာအများအပြားကို ပျံ့နှံ့ခဲ့ပါတယ်။ဆောက်အအုံ ၈၀ ကျော် ပျက်စီးသွားခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူတွေက ခန့်မှန်းထားပေမဲ့ လက်တွေ့မှာ ပျက်စီးမှုအတိုင်းအတာဟာ ဒီထက်ပိုမိုများပြားနိုင်တယ်လို့ သိရပါသည်။



