ပင်တဂွန်မှ ယခု သီတင်းပတ် ဆုံးဖြတ်ချက်မှတ်တမ်းအရ ထရန်စ်ဂျန်ဒါ (Transgender)ဝန်ထမ်းများကို စစ်တပ်မှ ထုတ်ပယ်မည်ဟု သိရသည်။ ယင်းသည် ထရန်စ်ဂျန်ဒါဝန်ထမ်းများအား စစ်တပ်တွင် ပါဝင်ခွင့် သို့မဟုတ် တာဝန်ထမ်းဆောင်ခွင့်များကို ပိတ်ပင်လိုက်ခြင်း ဖြစ်ပြီး၊ အဆိုပါမှတ်တမ်းကိုလည်း ဗုဒ္ဓဟူးနေ့တွင် တရားရုံးသို့ တင်သွင်းခဲ့ပြီး ဖြစ်သည်။ စာတမ်းတွင် ပင်တဂွန်သည် ထရန်စ်ဂျန်ဒါစစ်သားများကို ခွဲခြားသတ်မှတ်ရန် လုပ်ထုံးလုပ်နည်းများကို ၃၀ ရက်အတွင်း ပြုစုရမည်ဖြစ်ပြီး၊ ထို့နောက် ၃၀ ရက်အတွင်း ၎င်းတို့ကို စစ်တပ်မှ ထုတ်ပယ်ရန် စတင်ဆောင်ရွက်ရမည် ဖြစ်သည်။



