အမေရိကန် မင်းသမီး မီရှဲလ် ထရက်ထန်ဘက်ဂ် ေသဆုံးမှုနှင့် ပတ်သတ်သည့်အသေးစိတ်အချက်အလက်အသစ်များ အရ ဗုဒ္ဓဟူးနေ့နံနက်တွင် သူ၏မိခင်သည် လအနည်းငယ်အကြာက အသည်းအစားထိုးကုသမှုခံယူထားသော သမီးဖြစ်သူ၏အလောင်းကို ဝမ်းနည်းဖွယ်တွေ့ရှိခဲ့ကြောင်း တီအမ်ဇက် မှ သိရှိခဲ့ရသည်။ လာနာ သည် မီရှဲလ် ၏ မက်န်ဟန်တန် တိုက်ခန်းသို့ ဝင်ရောက်ခဲ့ရာ တုံ့ပြန်မှုမရှိဘဲ အိပ်ယာပေါ်တွင် ပက်လက်လှဲလျောင်းနေသည်ကို တွေ့ရပြီးနောက် လာနာ သည် ရဲနှင့် ဆေးဘက်ဆိုင်ရာ အရေးပေါ်ဝန်ထမ်းများကို ဖုန်းဆက်ကာခေါ်ဆိုခဲ့ပြီး အိပ်ယာပေါ်တွင် မီရှယ်လ် ေသဆုံးသွားကြောင်း ၎င်းတို့က ကြေညာခဲ့သည်။



