back

တရုတ်နိုင်ငံတွင် Xiaomi SU7 Ultra စွမ်းရည်မြင့် ကားကို ယွမ် ၅၂၉,၉၀၀ ဖြင့် စတင်ရောင်းချ

Feb 28 • 3:27 PM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်နိုင်ငံတွင် Xiaomi SU7 Ultra စွမ်းရည်မြင့် ကားကို ယွမ် ၅၂၉,၉၀၀ ဖြင့် စတင်ရောင်းချ

Xiaomi SU7 Ultra စွမ်းရည်မြင့် လျှပ်စစ် ဆီဒင်ကို တရုတ်နိုင်ငံတွင် အခြေခံဈေးနှုန်း ယွမ် ၅၂၉,၉၀၀ (72,830 USD) ဖြင့် စတင်ရောင်းချသည်။ ကားအကြောင်း ရှင်းလင်းတင်ပြပြီ...

Xiaomi SU7 Ultra စွမ်းရည်မြင့် လျှပ်စစ် ဆီဒင်ကို တရုတ်နိုင်ငံတွင် အခြေခံဈေးနှုန်း ယွမ် ၅၂၉,၉၀၀ (72,830 USD) ဖြင့် စတင်ရောင်းချသည်။ ကားအကြောင်း ရှင်းလင်းတင်ပြပြီးသည့်အခါ အရောင်းစဖွင့်ပြီး အမှာစာ စတင်လက်ခံသည်။ ၁၀ မိနစ်အကြာတွင် ၆,၉၀၀ စီးအတွက် အမှာစာများ ရရှိခဲ့သည်။ စရန်‌ငွေ ယွမ် ၂၀,၀၀၀ ပေးသွင်းရသည်။ ၂၀၂၅ ဧပြီလတွင် ကား စတင်ပေးအပ်မည်။ အမြင့်ဆုံးပါဝါ 1,526 hp အထိ ထုတ်ပေးနိုင်သည်။ 0-100 km/h အရှိန်တင်ရန် ၁.၉၈ စက္ကန့်ကြာသည်။ 100 km/h ဘရိတ်အုပ်လျှင် ၃၀.၈ မီတာတွင် ရပ်မည်။ အနက်၊ အဖြူ၊ အဝါ၊ ငွေရောင်၊ အစိမ်းရောင် အရောင် ၅ မျိုး ထုတ်လုပ်မည်။ ကားဦးခေါင်းတွင် ၂၄ ကာရက် ရွှေသားတံဆိပ် တပ်ပေးထားသည်။ ၂၀၂၅ တွင် SU7 Ultra အစီးရေ တသောင်း ရောင်းချရန် ရည်မှန်းထားသည်။


news-view-count-icon

15