ရွှေဆံပင် ဆရာတော် ဦးဆောင်သော စေတနာရှင် အလှုရှင်များသည် လာမည့် မတ်လ (၁၁)ရက် နှင့် (၁၂)ရက်တွင်ရှမ်းပြည်နယ် တောင်ပိုင်းရှိ အင်းလေးဒေသ ရေဘေးပြန်လည် ထူထောင်ရေးနှင့် ရှင်ပြုအလှူ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အင်းလေး ရေဘေးအတွက် အရေးပေါ်ကာလက လိုအပ်ချက်များကို စေတနာရှင်များ၏ အလှူမေတ္တာဖြင့် ကျပ်သိန်း(၁၀၀၀)ကျော် အကုန်ကျခံကာ ထိရောက်စွာ လှူဒါန်းခဲ့ပြီး ပြန်လည်တည်ထောင်ရေးတွင်လည်း လိုအပ်နေသောအင်းလေးတောင်ပိုင်းက ရေတန်းရွာကို ဦးစားပေးကာ အလှူခံရရှိထားသည့်ကျပ်သိန်း (၃၀၀) ကျော်ဖြင့်အကျိုးဆောင်ဆရာတော် ဦးအာစိဏ္ဏနှင့် ဒေသခံရွာသားများ၏ ကူညီဝိုင်းဝန်းမှုဖြင့် အိမ် (၂၂)လုံး တည်ဆောက်ပြုပြင်ပေးနိုင်ခဲ့ကြောင်း သိရသည်။



