230kV လှိုင်သာယာ-ကျိုက်လတ်လိုင်း ပြုပြင်နေမှုအခြေအနေမှာ ယိုင်နဲ့တာဝါ အမှတ်-၄၃ အား Main Leg အစားထိုးတပ်ဆင်လျှက်ရှိပြီး မနက်ဖြန်တွင် အပြီးသတ် ပြီးစီးနိုင်မည် ဖြစ်သည်။ပြိုလဲ တာဝါအမှတ်-၄၄ အား တိုင်ထူခြင်းလုပ်ငန်းအား စတင်လုပ်ကိုင်နေကြပြီ ဖြစ်သည်။ပြိုလဲတာဝါအမှတ်-၄၅ Foundation Stub Setting အား လုပ်ကိုင်လျှက်ရှိကြပြီး ၊ အမှတ်-၄၆ အား Foundation အဟောင်းများ ဖြိုခွဲလျှက် ရှိပြီ ဖြစ်ပါသည်။



