မြန်မာနိုင်ငံမှာ ပထမဦးဆုံး LGBT Reality Show တစ်ခုဖြစ်တဲ့ Glitter and Bitter The First LGBT Reality Show In Myanmar ကို ရိုက်ကူးတော့မယ့်အကြောင်း ကန်တော့ပွဲပေးပွဲကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ မဟာဝိဇိယဘုရားမှာ ကျင်းပခဲ့ကြောင်း သိရပါသည်။ပထမဆုံး LGBT Reality Show တစ်ခုဖြစ်တဲ့ Glitter and Bitter LGBT Reality Show မှာ LGBT အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင် လင်းလင်း၊ မထက်၊ ဆူး၊ အငယ်လေး၊ ဖာစီ၊ စံစံနဲ့ အတူ နယ်ပယ် အသီးသီးက Professional တွေနဲ့ အနုပညာရှင်များစွာက ပါဝင်ကြမှာလည်းဖြစ်ပါသည်။LGBT Reality Show ကို မတ်လ ၁ ရက်ကနေ စတင်ပြီးတော့ ရန်ကုန်မြိုတွင်း စတင် ရိုက်ကူးသွားမှာလည်း ဖြစ်တယ်လို့ သိရပါသည်။



