နမ္မတူမြို့နယ် မန်စံမိုင်းမုကျေးရွာအုပ်စုမှာ ပြောင်းဖူးစိုက်ပျိုးရေးကနေ ကြံစိုက်ပျိုးရေးလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လာသူတချို့ဟာ ကြံသကာလုပ်ငန်းကနေ ဈေးကောင်း ရနေကြကြောင်း သိရပါသည်။ကြံစိုက်ပျိုးမှုဟာ ၄ နှစ်ကို တစ်ကြိမ်သာ စိုက်ရတဲ့လုပ်ငန်းဖြစ်ပြီး တခြားစိုက်ပျိုးရေးသီးနှံတွေလို နှစ်စဉ် စိုက်ပျိုးစရာ မလိုဘူးလို့ သိရပါသည်။ကြံ အများစုကို မူဆယ်မြို့နယ် နမ့်အွမ်ရွာရှိ သကြားစက်ရုံမှာ အဓိက တင်ပို့ကြပြီး တစ်တန်ကို တရုတ်ငွေ ယွမ် ၃ဝဝ (ကျပ် ၂ သိန်း) ရရှိပြီး တစ်နိုင်တစ်ပိုင် ကြံသကာ ထုတ်လုပ်ရင်တော့ ကျပ်ငွေ ၄ သိန်းကျော် ရရှိပါသည်။



