အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမားတို့ဟာ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သမ္မတထရမ့်က ဥရောပနိုင်ငံတွေအပေါ် အခွန်တိုးကောက်ခံဖို့ ခြိမ်းခြောက်နေသလို ဥရောပလုံခြုံရေးအတွက် အမေရိကန်အပေါ် သိပ်အားမကိုးဖို့ ပြောဆိုနေချိန်မှာ အခုလို ခေါင်းဆောင်နှစ်ယောက် တွေ့ဆုံခဲ့ကြတာပါ။ တွေ့ဆုံစဉ်အတွင်း ရုရှား-ယူကရိန်းစစ်ပွဲ၊ အခွန်စည်းကြပ်မှုနဲ့ အခြားနိုင်ငံရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ် လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောပါ တယ်။ ဒါ့အပြင် ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံမှုက လာမယ့် မတ်လ ၄ ရက်နေ့မှစတင်အသက်ဝင်မှာဖြစ်ကြောင်းလည်း ထရမ့်က ပြောကြားထားပါသည်။



