လာမယ့် မတ်လ ၄ ရက်နေ့ကစပြီး ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက တင်သွင်းလာတဲ့ သွင်းကုန်တွေကို စတင် စည်းကြပ်တော့မှာဖြစ်ပါတယ်။ သမ္မတထရမ့်ဟာ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းအပြင် ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေက သွင်းကုန်တွေကိုလည်း တရုတ်ထက် နှစ်ဆတိုး ကောက်ခံသွားမှာဖြစ်တယ်လို့ ကြေညာချက် ထုတ် ပြန်ထားတာပါ။ မတ်လ လေးရက်နေ့မှာ စတင်အသက်ဝင်မယ့် အစီအစဉ်အတိုင်း အမှန်တကယ် အသက်ဝင်မှာပါလို့ သမ္မတ ထရမ့်က ပြောပါတယ်။ အဲဒီနေ့မှာပဲ တရုတ်ကတင်သွင်းလာတဲ့ ကုန်စည်တွေအပေါ်ကိုလည်း နောက်ထပ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံသွားမှာဖြစ်တယ်လို့ ပြောပါတယ်။



