back

Veo 2 အသုံးပြုခ တစ်မိနစ် ဒေါ်လာ ၃၀ ကောက်ခံမည်

Feb 28 • 12:34 PM

breaking-news

မြန်မာ

ပြည်ပ

cover

Veo 2 အသုံးပြုခ တစ်မိနစ် ဒေါ်လာ ၃၀ ကောက်ခံမည်

Google ကုမ္ပဏီက Veo 2 ကို သုံးရင် ဗွီဒီယိုတစ်စက္ကန့်ကို ဆင့် ၅၀ နှုန်းနဲ့ ကောက်ခံသွားမှာဖြစ်တယ်လို့ ပြောကြားလာပါတယ်။ Google ဟာ စာရိုက်တဲ့အတိုင်း ဗွီဒီယိုတွေဖန်တ...

Google ကုမ္ပဏီက Veo 2 ကို သုံးရင် ဗွီဒီယိုတစ်စက္ကန့်ကို ဆင့် ၅၀ နှုန်းနဲ့ ကောက်ခံသွားမှာဖြစ်တယ်လို့ ပြောကြားလာပါတယ်။ Google ဟာ စာရိုက်တဲ့အတိုင်း ဗွီဒီယိုတွေဖန်တီးနိုင်မယ့် Veo 2 ဆိုတဲ့ AI Model သစ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက မိတ်ဆက်ခဲ့တာပါ။ Veo 2 သုံးပြီး တစ်မိနစ်စာ ဗွီဒီယိုတစ်ပုဒ် ဖန်တီးရင် ဒေါ်လာ ၃၀ ပေးရမှာဖြစ်ကာ တစ်နာရီဆိုရင်တော့ ဒေါ်လာ ၁၈၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ Veo 2 မော်ဒယ်က 20-စက္ကန့်၊ 1080p ဗီဒီယိုတွေကို ကန့်သတ်ထားတဲ့ ChatGPT ထုတ် Sora ထက် များစွာပိုပြီး 4K resolution ဖြင့် နှစ်မိနစ်စာကလစ်တွေကို ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ Veo 2 က ChatGPT ရဲ့ Sora မော်ဒယ်ထက်တော့ တော်တော်လေးသာတယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။ 


news-view-count-icon

18