back

အမေရိကန်တွင် ဝက်သက်ရောဂါကြောင့် တစ်ဦးသေဆုံး

Feb 28 • 12:32 PM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်တွင် ဝက်သက်ရောဂါကြောင့် တစ်ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်အနောက်ပိုင်းမှာ ဝက်သက်ရောဂါကူးစက်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်နှောင်းပိုင်း အမေရိကန်ပြည်ထောင်စု မှာ ဝက်သက...

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်အနောက်ပိုင်းမှာ ဝက်သက်ရောဂါကူးစက်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်နှောင်းပိုင်း အမေရိကန်ပြည်ထောင်စု မှာ ဝက်သက်ရောဂါနဲ့ပထမဆုံး သေဆုံးတာ ဖြစ်ပါတယ်။ Texas Tech တက္ကသိုလ် ကျန်းမာရေးသိပ္ပံဌာနက ပြောရေးဆိုခွင့်ရှိသူ Melissa Whitfield က သေဆုံးမှုကို ဖေဖော်ဝါရီ ၂၆ ရက်က အတည်ပြုခဲ့တာပါ။ သေဆုံးသွားတဲ့ လူနာရဲ့ အသက်အရွယ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လက်ရှိမှာ တက္ကဆက် ပြည်နယ်အနောက်ပိုင်းက ကျေးလက်ဒေသက ခရိုင် ၉ ခု မှာ ဝက်သက်ရောဂါ ကူးစက်ခံရသူ ၁၂၄ ယောက်အထိ တိုးလာတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။


news-view-count-icon

21