back

ထိုင်းနိုင်ငံတွင် တားမြစ်အလုပ်များ လုပ်ကိုင်သော မြန်မာများကို ဆက်တိုက်ဖမ်းဆီးနေသဖြင့် သတိထားရမည့်အချိန်ဟုဆို

Feb 28 • 12:31 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံတွင် တားမြစ်အလုပ်များ လုပ်ကိုင်သော မြန်မာများကို ဆက်တိုက်ဖမ်းဆီးနေသဖြင့် သတိထားရမည့်အချိန်ဟုဆို

ထိုင်းနိုင်ငံတွင် စျေးရောင်း၊ ဆိုင်ကယ်ပြင်၊ ကားမောင်း စသည့် တားမြစ်ထားသော အလုပ်လုပ်ကိုင်သော မြန်မာများကို ထိုင်းအာဏာပိုင်များက ဆက်တိုက်ဖမ်းဆီးနေကြောင်း ထိုင်းနိ...

ထိုင်းနိုင်ငံတွင် စျေးရောင်း၊ ဆိုင်ကယ်ပြင်၊ ကားမောင်း စသည့် တားမြစ်ထားသော အလုပ်လုပ်ကိုင်သော မြန်မာများကို ထိုင်းအာဏာပိုင်များက ဆက်တိုက်ဖမ်းဆီးနေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ပြောဆိုချက်နှင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ထိုင်းနိုင်ငံတွင် စျေးရောင်း၊ ဆိုင်ကယ်ပြင်၊ ကားမောင်း အပါအဝင် နိုင်ငံခြား သားများ လုပ်ကိုင်ခွင့်မပြုသည့် အလုပ်အကိုင်များစွာရှိနေပြီး ယင်းအလုပ်များတွင် မြန်မာနိုင်ငံသားများက ဝင်ရောက် လုပ်ကိုင်နေသဖြင့် တိုင်ကြားမှုများကြောင့် ထိုင်းအာဏာပိုင်များက မကြာခဏဆိုသလို မြန်မာများကို ဦးတည်ပစ်မှတ်ထား ဖမ်းဆီးမှုများလုပ်ဆောင်လာကြောင်း ထိုင်းရောက်မြန်မာတစ်ဦး ထံမှ သိရသည်။


news-view-count-icon

33