back

အိပ်မက်များဖြစ်လာရန် နီးစပ်ပြီဟု အီချီဗာရီ ပြော

Feb 28 • 12:26 PM

breaking-news

မြန်မာ

ပြည်ပ

cover

အိပ်မက်များဖြစ်လာရန် နီးစပ်ပြီဟု အီချီဗာရီ ပြော

ဥရောပရဲ့အကောင်းဆုံးအသင်းမှာ ကစားချင်တဲ့ သူ့ရဲ့အိပ်မက်က နီးစပ်နေပြီလို့ မန်စီးတီးအသင်းနဲ့ ပူးပေါင်း ခဲ့ပြီးနောက် လူငယ်ကြယ်ပွင့် အီချီဗာရီက ပြောကြားလိုက်ပါတယ်။ အာ...

ဥရောပရဲ့အကောင်းဆုံးအသင်းမှာ ကစားချင်တဲ့ သူ့ရဲ့အိပ်မက်က နီးစပ်နေပြီလို့ မန်စီးတီးအသင်းနဲ့ ပူးပေါင်း ခဲ့ပြီးနောက် လူငယ်ကြယ်ပွင့် အီချီဗာရီက ပြောကြားလိုက်ပါတယ်။ အာဂျင်တီးနား လူငယ်ကစားသမား အီချီဗာရီ ကို ၂၀၂၄ ဇန်နဝါရီမှာ ရေးဗားပလိတ်အသင်းကနေ မန်စီးတီးအသင်းက ပေါင် ၁၂ သန်းခွဲနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ရေးဗားပလိတ်အသင်းကိုပဲ အငှားပြန်ချထားခဲ့တာပါ။ မန်စီးတီးအသင်းနဲ့ ၂၀၂၈ အထိ စာချုပ်ချုပ်ဆိုခဲ့တဲ့ အီချီဗာရီဟာ မန်စီးတီးအသင်းမှာ ကျောနံပါတ် ၃၀ ကို ဝတ်ဆင်ကစားမှာဖြစ်ပြီး နည်းပြ ဂွါဒီယိုလာတည်ဆောက်မယ့် အနာဂတ် မန်စီးတီးအသင်းမှာ နေရာရဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။


news-view-count-icon

18