တစ်နှစ်တာအကောင်းဆုံး အားကစားသမားတွေကို ပေးအပ်လေ့ရှိတဲ့ လောရီးယက်စ်ဆု ဆန်ခါတင်စာရင်းကနေ အီတလီတင်းနစ်သမား ဆင်နာကို ထုတ်ပယ်လိုက်တယ်လို့ လော်ရီးယက်စ်အကယ်ဒမီက ဖေဖော်ဝါရီ ၂၇ ရက်က အတည်ပြုခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကမ္ဘာ့အဆင့်-၁ ကစားသမား ဆင်နာဟာ ပြီးခဲ့တဲ့နှစ်က တားမြစ် ဆေး စစ်ဆေးမှု ၂ ကြိမ်စလုံး ဆေးကျခဲ့ပြီးနောက် ၃ လပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ အခုဆုံးဖြတ်ချက် ကို ဆင်နာနဲ့ သူ့အဖွဲ့ဆီကို အကြောင်းကြားထားပြီ ဖြစ်တယ်လို့လည်း ဖစ်ဇ်ပက်ထရစ်က ပြောပါတယ်။ လော်ရီးယက်စ်တစ်နှစ်တာအကောင်းဆုံးဆုတွေကို လာမယ့်မတ်လ ၃ ရက်နေ့မှာ တရားဝင် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။



