back

ဒဏ်ရာကြောင့် ၆ နိုင်ငံဖလားပွဲစဉ်များ မာတင် လွဲချော်မည်

Feb 28 • 12:08 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဒဏ်ရာကြောင့် ၆ နိုင်ငံဖလားပွဲစဉ်များ မာတင် လွဲချော်မည်

အင်္ဂလန်ရပ်ဂ်ဘီလက်ရွေးစင် ဂျော့ချ်မာတင်ဟာ ဒဏ်ရာပြဿနာကြောင့် ၆ နိုင်ငံများဖလား ရပ်ဂ်ဘီပြိုင်ပွဲရဲ့ လက်ကျန်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၃ န...

အင်္ဂလန်ရပ်ဂ်ဘီလက်ရွေးစင် ဂျော့ချ်မာတင်ဟာ ဒဏ်ရာပြဿနာကြောင့် ၆ နိုင်ငံများဖလား ရပ်ဂ်ဘီပြိုင်ပွဲရဲ့ လက်ကျန်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် မာတင်ဟာ အင်္ဂလန်ရပ်ဂ်ဘီ အသင်း နောက်ဆုံးကစားခဲ့တဲ့ စကော့တလန်အသင်းနဲ့ပွဲအတွက် လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ဒူးဒဏ်ရာရခဲ့လို့ မကစားခဲ့ရပါဘူး။ ပြီးခဲ့တဲ့ စနေညက ကစားခဲ့တဲ့ပွဲမှာ အင်္ဂလန်အသင်းက စကော့တလန်အသင်းကို ၁၆ မှတ်- ၁၅ မှတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ မာတင်ရဲ့နေရာမှာ တက်ဒ်ဟေးလ်ကို အစားထိုး ထည့်သွင်းသွားခဲ့ပါတယ်။ အင်္ဂလန် အသင်းဟာ မတ်လ ၉ ရက်နေ့မှာ အီတလီအသင်းကို လက်ခံကစားရမှာဖြစ်ပြီး နောက်ဆုံးပွဲစဉ်အဖြစ် မတ်လ ၁၅ ရက်နေ့မှာ ဝေးလ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို သွားရောက်ကစားရမှာ ဖြစ်ပါတယ်။


news-view-count-icon

11