ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ဘူးဘတ်ကျေးရွာသုသာန်အနီးမှာ ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့မနက် ၁ နာရီဝန်းကျင်က (Probox) တစ်စီးနဲ့ တရုတ်နိုင်ငံထုတ် လိုက်ထရပ်ကား တစ်စီးတို့ကို စစ်ဆေးရာ ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိတဲ့ WY အပါအဝင် စိတ်ကြွမူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါသည်။အမှုနဲ့ ပတ်သတ်ပြီး ကားပေါ်ပါလာတဲ့ အသက် ၄၀ ကနေ ၅၀ ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦး၊ အမျိုးသား ငါးဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါသည်။



