back

မော်တင်စွန်းဘုရားပွဲ စတင်ဖွင့်လှစ်ပြီဖြစ်သော်လည်း လာရောက်လည်ပတ်သူ မရှိသလောက်ဖြစ်နေ

Feb 28 • 12:08 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

မော်တင်စွန်းဘုရားပွဲ စတင်ဖွင့်လှစ်ပြီဖြစ်သော်လည်း လာရောက်လည်ပတ်သူ မရှိသလောက်ဖြစ်နေ

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငပုတောမြို့နယ် မော်တင်စွန်းအငူမှာရှိတဲ့ မဟာမကုဋရံသီ (မော်တင်စွန်းဘုရား) ဘုရားပွဲတော်ကို ဖေဖေါ်ဝါရီ ၂၇ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပေမဲ့ ဘ...


ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငပုတောမြို့နယ် မော်တင်စွန်းအငူမှာရှိတဲ့ မဟာမကုဋရံသီ (မော်တင်စွန်းဘုရား) ဘုရားပွဲတော်ကို ဖေဖေါ်ဝါရီ ၂၇ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပေမဲ့ ဘုရားဖူးလာရောက်သူ မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေဆီက သိရပါသည်။ဘုရားဖူးရေယာဉ်တွေ ဆိုက်ကပ်ရပ်နားလေ့ရှိတဲ့ ခမောက်မှော်မှာလည်း စျေးဆိုင်တန်းတွေ အနည်းငယ်သာရှိပြီး၊ မော်တင်စွန်းဘုရားရင်ပြင်အနီးမှာတော့ စျေးဆိုင်တန်း အနည်းငယ်ရှိပြီးမြွေတောင်ကမ်းခြေမှာလည်း စျေးဆိုင်တန်းတွေသာ ဆောက်လုပ်ထားပေမဲ့ ဆိုင်ခန်းအပြည့် ရောင်းချဖို့ ပြင်ဆင်ထားတာ မရှိဘဲ ဘုရာဖူးဧည်သည့်၊ အပန်းဖြေလာရောက်သူတွေ အလွန်ကို နည်းပါးနေတာလို့ သိရပါသည်။

 



news-view-count-icon

20