back

ဆေးတက္ကသိုလ်(၁)ရန်ကုန်တွင် အလုပ်ရုံဆွေးနွေးပွဲ (Capacity Building Workshop) ကျင်းပပြုလုပ်

Feb 28 • 12:03 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ဆေးတက္ကသိုလ်(၁)ရန်ကုန်တွင် အလုပ်ရုံဆွေးနွေးပွဲ (Capacity Building Workshop) ကျင်းပပြုလုပ်

ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် လမ်းမတော်မြို့နယ်တွင် Capacity Building Workshop For Clinical Years Faculty အနေဖြင့် Workshop on Clinical Assessment များကို ၂၀၂၅ခုနှစ်...


ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် လမ်းမတော်မြို့နယ်တွင် Capacity Building Workshop For Clinical Years Faculty အနေဖြင့် Workshop on Clinical Assessment များကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့မှ (၅)ရက်နေ့နှင့်ဖေဖော်ဝါရီလ (၂၆) ရက်နေ့၊ (၂၇)ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆေးတက္ကသိုလ်(၁) ရှိ ဆေးလက်တွေ့ပညာဘာသာရပ်များ၏ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများ၏ ပိတ်ပွဲအခမ်းအနားကို (၂၇.၂.၂၀၂၅) ရက်နေ့ (၁၅:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခဒေါက်တာ တင်ထွန်းက Online မှတဆင့် အမှာစကား ပြောကြားခဲ့ပါသည်။



news-view-count-icon

19