ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှာ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ တောင်သူလယ်သမားနေ့ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်ပြီး ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ပညာယျ စေတီတော်မြတ်အနီးမှာ ကျင်းပသွားမှာ ြဖစ်ပါတယ်။ ပွဲတော်ရက်တွေအတွင်း ခရိုင်အလိုက် သစ်သီးဝလံပန်းမန်ပြခန်းတွေ၊ လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်းတွေ ပြသသွားမှာဖြစ်ပါတယ်။ ပဲခူးမြို့မှာ တောင်သူလယ်သမားအခမ်းအနားကို မတ်လ (၁)ရက်က စတင်ပြီး (၂)ရက်တိုင်တိုင် ပျော်ပွဲရွှင်ပွဲတွေ၊ တင်မောင်ဆန်းမင်းဝင်းဦးဆောင်တဲ့ မန်းအလင်္ကာဆန်းဇာတ်သဘင်တွေနဲ့ အခမဲ့တင်ဆက်ပေးတာတွေလည်း ပါဝင်မှာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။



