မြန်မာနိုင်ငံအတွင်းမှ လယ်ယာထွက်ကုန်၊ ဆန် နှင့် ပဲမျိုးစုံတင်ပို့မှုများအနက် နိုင်ငံခြားဝင်ငွေ၏ (၃၈) ရာခိုင်နှုန်းကို နှစ်စဉ် ပဲမျိုးစုံတင်ပို့မှုမှ ကန်ဒေါ်လာသန်းပေါင်း (၁၀၀၀) ကျော်မှ (၁၅၀၀) ခန့်အထိ ရရှိနေခြင်းကြောင့် ပဲမျိုးစုံသီးနှံသည် တောင်သူများအတွက် ဝင်ငွေရ သီးနှံဖြစ်နေကြောင်း သိရသည်။မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများအကြား ပဲမျိုးစုံအများဆုံးစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်ပြီး နှစ်စဉ်ပဲစိုက်ဧက (၁၀)သန်းကျော်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအရ ကမ္ဘာ့အဆင့် (၂) နှင့် အဆင့် (၃) နေရာတို့တွင်ရှိနေပြီး မတ်ပဲ၊ ပဲ စင်းငုံ နှင့် ပဲတီစိမ်းတို့မှာပြည်ပဈေးကွက်သို့အများဆုံးတင်ပို့နေသည့် ပဲအမျိုးအစားများဖြစ်ကြောင်း သိရသည်။



