ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းရှိ အခန်းများကို ဝယ်ယူခွင့်ရရှိသူများသည် ၃ လအတွင်း အရစ်ကျပေးသွင်းရမည်ဖြစ်သောကြောင့် ငွေသွင်းရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဝယ်ယူခွင့်ရရှိသူများက ပြောကြားသည်။ ရောင်းချပေးမည့် အခန်းအရေအတွက်မှာ ၉၀၀ ဝန်းကျင်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၁ ရက်အထိ လျှောက်လွှာများ ရောင်းချပေးခဲ့ကြောင်း သိရသည်။



