မန္တလေးမြို့ရှိ တရားဝင်သားသတ်ရုံများတွင် နွား၊ ဆိတ်၊ ဝက်အရှင်များ ဝယ်ယူရရှိရန် ခက်ခဲလာသောကြောင့် အသားဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သားငါးရောင်းချသူများက ပြောကြားသည်။ ဒေသတွင်း မတည်ငြိမ်မှုများကြောင့် သွားလာရေး အခက်အခဲများရှိလာပြီး တိရစ္ဆာန်အရှင် ဝယ်ယူရန် ခက်ခဲလာခြင်းဖြစ်သည်။ တိရစ္ဆာန်အရှင်ဈေးနှုန်းများမှာ အနည်းငယ်သာ မြင့်တက်သော်လည်း သားသတ်လိုင်စင် အခွန်အခများနှင့် သယ်ယူစရိတ်များ မြင့်မားလာသောကြောင့် အသားထုတ်လုပ်မှု လျော့နည်းလာချိန်တွင် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။ လက်ရှိတွင် မန္တလေးလက်လီဈေးကွက်၌ အမဲသားတစ်ပိဿာ ၃၅,၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာ ၃၀,၀၀၀ ကျပ်နှင့် ဝက်သားတစ်ပိဿာ ၃၂,၀၀၀ ကျပ် ဝန်းကျင်အထိ ရောင်းချနေရသည်။



