back

နီပေါဖိတ်ခေါ်ဖလားချန်ပီယံ မြန်မာအမျိုးသမီးအသင်း မြန်မာသို့ပြန်လည်ရောက်ရှိ

Feb 28 • 9:36 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

နီပေါဖိတ်ခေါ်ဖလားချန်ပီယံ မြန်မာအမျိုးသမီးအသင်း မြန်မာသို့ပြန်လည်ရောက်ရှိ

နီပေါဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည...

နီပေါဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ မြန်မာ၊ နီပေါ၊ ကာဂျစ်စတန်နှင့် လက်ဘနွန်တို့ ယှဉ်ပြိုင်ခဲ့သည့် ယင်းပြိုင်ပွဲတွင် မြန်မာအသင်းက ရှုံးပွဲမရှိ ချန်ပီယံဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ မြန်မာ့ဘောလုံးလောကအတွက် ဆုဖလားအောင်မြင်မှု ရှားပါးနေချိန်တွင် မြန်မာအမျိုးသမီးအသင်းက ဆီးဂိမ်းငွေတံဆိပ်နှင့် နီပေါဖိတ်ခေါ်ဖလား ချန်ပီယံဆုတို့ကို ဆွတ်ခူးပေးနိုင်ခဲ့သည်။


news-view-count-icon

20