မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တောင်သူများသည် ဂျပန်ဖရဲခေါ် နှစ်တစ်တစ်မျိုးကို စတင်စိုက်ပျိုးနေကြပြီဖြစ်သည်။ ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင်ကျေးရွာများတွင် နှစ်ရှည်သီးနှံများနှင့်အတူ ဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးကြပြီး ဖရဲကိုလည်း တွဲဖက်စိုက်ပျိုးကြသည်။ ဖရဲတစ်ပင်တွင် သုံးလုံးသာထားပြီး ၆၅ ရက်အကြာတွင် ခူးဆွတ်ရောင်းချနိုင်သည်။ ဒေသတွင် 2.1.1 မျိုးခေါ် ဂျပန်ဖရဲကိုသာ စိုက်ပျိုးကြပြီး အရသာပိုကောင်းသဖြင့် စားသုံးသူအကြိုက်များသည်။ မြေအောက်ရေတွင်းများဖြင့် ရေသွင်းစိုက်ပျိုးကာ စိုက်ခင်းရှင်ကိုယ်တိုင် ဈေးသို့ပို့ခြင်း သို့မဟုတ် ပွဲစားများမှ လာရောက်ဝယ်ယူခြင်းဖြင့် ရောင်းချကြသည်။



