ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များအကြား အမေရိကန်ဒေါ်လာ ၃၇.၅၄၀ သန်းကို ငွေလဲနှုန်း ၃၅၉၅ ကျပ်ဖြင့် လဲလှယ်ခဲ့ကြသည်။ ထို့အပြင် တရုတ်ယွမ် ၂.၂၀၀ သန်းကို ငွေလဲနှုန်း ၅၄၂ ကျပ်ဖြင့်လည်းကောင်း၊ ထိုင်းဘတ် ၄၃.၉၁၈ သန်းကို ငွေလဲနှုန်း ၁၃၁.၅ ကျပ်ဖြင့်လည်းကောင်း လဲလှယ်ခဲ့ကြကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။



