back

မန္တလေးမြို့မဟာမုနိလိပ်ကန်မှ ငါးများ ဧရာဝတီမြစ်သို့ ဘေးမဲ့လွှတ်ခဲ့

Feb 28 • 9:27 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့မဟာမုနိလိပ်ကန်မှ ငါးများ ဧရာဝတီမြစ်သို့ ဘေးမဲ့လွှတ်ခဲ့

မန္တလေး မဟာမုနိဘုရားကြီး လိပ်ကန်အတွင်းရှိ ငါးဒံအမျိုးအစား ငါးအကောင်ကြီးများကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ဧရာဝတီမြစ်အတွင်း ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့သည်။ ကန်အခြေအနေနှ...

မန္တလေး မဟာမုနိဘုရားကြီး လိပ်ကန်အတွင်းရှိ ငါးဒံအမျိုးအစား ငါးအကောင်ကြီးများကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ဧရာဝတီမြစ်အတွင်း ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့သည်။ ကန်အခြေအနေနှင့် ငါးအကောင်ရေများပြားမှုကြောင့် ရာသီဥတုပြောင်းလဲချိန်တွင် ငါးများသေဆုံးမှုမရှိစေရန် ဂေါပကအဖွဲ့က ဤသို့ဆောင်ရွက်ခြင်းဖြစ်သည်။ ငါးကောင်ရေများပြားခြင်းကြောင့် သေဆုံးမှုအန္တရာယ်မှ ကာကွယ်ရန် ဂေါပကအဖွဲ့မှ ငါးလုပ်ငန်းဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအသင်းများ၏ အကူအညီဖြင့် ငါးများကို ဧရာဝတီမြစ်သို့ သယ်ဆောင်ကာ ဘေးမဲ့လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်သည်။


news-view-count-icon

16