ဆွေးနွေးမှု အကြောင်းအရာနယ်ပယ်သည် ကျဉ်းမြောင်းပြီး ယူကရိန်းပါဝင်မည် မဟုတ်သော်လည်း နှစ်ဖက်ဆက်ဆံရေးကို ပြုပြင်ရန်နှင့် စစ်ပွဲအဆုံးသတ်ရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ နှစ်ဖက်၏ အလေးအနက်ထားမှုကို စမ်းသပ်မှုဖြစ်စေမည်ဖြစ်သည်။ ဖေဖော်ဝါရီ ၁၂ ရက်က သမ္မတ ဗလာဒီမာ ပူတင်နှင့် ဒေါ်နယ်ထရမ့်ပ်တို့ ဖုန်းဆက်သွယ်ပြောဆိုမှု၊ ဖေဖော်ဝါရီ ၁၂ ရက်က နှစ်ဖက် အဆင့်မြင့်အရာရှိအဆင့် သံတမန်များ ဆော်ဒီအာရေဗျတွင် တွေ့ဆုံခဲ့ကြမှုအပြီး၌ ယခုထပ်မံ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။



