back

မလေးရှားသွားရန် ကြိုးပမ်းသည့် မြန်မာ ၂၈ ဦး ထိုင်းတွင် ဖမ်းဆီးခံရ

Feb 28 • 9:13 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မလေးရှားသွားရန် ကြိုးပမ်းသည့် မြန်မာ ၂၈ ဦး ထိုင်းတွင် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံသို့ သွားရောက်ရန် ပွဲစားကို ဘတ် ၂၀,၀၀၀ ပေး၍ ကြိုးပမ်းခဲ့သော အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၈ ဦးကို ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ဖေဖော်ဝါရီ ...

မလေးရှားနိုင်ငံသို့ သွားရောက်ရန် ပွဲစားကို ဘတ် ၂၀,၀၀၀ ပေး၍ ကြိုးပမ်းခဲ့သော အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၈ ဦးကို ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ဖေဖော်ဝါရီ ၂၆ ရက်က ဖမ်းဆီးရမိခဲ့သည်။ ကရင်ပြည်နယ် ဘုရားသုံးဆူဘက်မှ နယ်စပ်ဖြတ်ကျော်ကာ ခြေလျင်လျှောက်လာပြီး မလေးရှားသို့ ပို့ဆောင်ရန် လမ်းပြမှ ကားဖြင့် လာရောက်ခေါ်ယူမည့်အချိန်ကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၂ ဦးတို့သည် မလေးရှားတွင် အလုပ်လုပ်ရန် ရည်ရွယ်ခဲ့ကြပြီး ပွဲစားကို ဘတ် ၂၀,၀၀၀ (မြန်မာငွေ ၂၅ သိန်းဝန်းကျင်) ပေးဆောင်ခဲ့ကြသည်။ ဖမ်းဆီးခံရသူများကို စိုင်းမောက်ခမ်းရဲစခန်းသို့ ပို့ဆောင်ကာ တရားဥပဒေအရ အရေးယူထားကြောင်း သိရသည်။


news-view-count-icon

14