back

ရှမ်းပြည်နယ်၊တာချီလိတ် စက်မှုဇုန် မြေကွက်များ အကွက်ချစနစ်ဖြင့် အဆိုပြုရေးဆွဲမည်

Feb 28 • 9:12 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊တာချီလိတ် စက်မှုဇုန် မြေကွက်များ အကွက်ချစနစ်ဖြင့် အဆိုပြုရေးဆွဲမည်

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ စက်မှုရပ်ကွက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိသော မြေဧရိယာ ၃၁၇.၀၈ ဧကကို အကွက်ချစနစ်ဖြင့် အဆိုပြုရေးဆွဲတင်ပြနိုင်ရန် သက်ဆိုင...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ စက်မှုရပ်ကွက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိသော မြေဧရိယာ ၃၁၇.၀၈ ဧကကို အကွက်ချစနစ်ဖြင့် အဆိုပြုရေးဆွဲတင်ပြနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ ဖေဖော်ဝါရီ ၂၈ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို တင်ပြခဲ့ကြသည်။ စက်မှုလုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပြီးနောက် ကျန်ရှိမြေဧရိယာကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ၂၀၀၁ ခုနှစ်တွင် တည်ထောင်ခဲ့သော ဤစက်မှုဇုန်သည် ဧက ၆၀၁.၅၄ ဧကရှိပြီး ဧက ၂၈၄.၄၆ ခန့်ကို နေရာချထားပေးခဲ့ပြီးဖြစ်သည်။ ကျန်ရှိသော ဧက ၃၁၇.၀၈ ဧကကို စက်မှုဇုန်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ လုပ်ကိုင်နိုင်စေရန်အတွက် ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။


news-view-count-icon

10