၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၏ ဆယ်လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၆၅၆ ဒသမ ၁၅ သန်း ရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။ ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှ ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၂ ခု ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ဆယ်လအတွင်း ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍဟာ အမေရိကန်ဒေါ်လာ ၃၅၇ ဒသမ ၀၄ သန်းဖြင့် FDI အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။



