back

ဟားခါးမြို့မှာ ချင်းစစ်ဘေးရှောင် ၃၅၀၀ ကျော်ကို ငွေကျပ် ၂၀,၀၀၀ စီ ထောက်ပံ့

Feb 27 • 3:58 PM

breaking-news

မြန်မာ

ချင်း

cover

ဟားခါးမြို့မှာ ချင်းစစ်ဘေးရှောင် ၃၅၀၀ ကျော်ကို ငွေကျပ် ၂၀,၀၀၀ စီ ထောက်ပံ့

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မြို့နယ်အသီးသီးမှ စစ်ဘေးရှောင် ပြည်သူ ၃,၅၇၉ ဦးကို ငွေကျပ် ၂၀,၀၀၀ စီနဲ့ ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက စုံစမ်းသိရပ...


ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မြို့နယ်အသီးသီးမှ စစ်ဘေးရှောင် ပြည်သူ ၃,၅၇၉ ဦးကို ငွေကျပ် ၂၀,၀၀၀ စီနဲ့ ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက စုံစမ်းသိရပါသည်။ထန်တလန်မြို့နယ်က တိုက်ပွဲရှောင် ၉၁၄ ဦး၊ ပလက်ဝမြို့နယ်မှ ၃၃၁ ဦး၊ ဖလမ်းမြို့နယ်မှ ၂၀၉၀ ဦး၊ မတူပီမြို့နယ်မှ ၉၄ ဦး၊ ကန်ပက်လက်မြို့နယ်မှ ၂၄ ဦး၊ ဟားခါးမြို့နယ်မှ ၂၄ ဦး၊ မင်းတပ်မြို့နယ်မှ ၄ ဦးနဲ့ တွန်းဇံမြို့နယ်မှ ၁၆ ဦးတို့အတွက် တစ်ဦးကို ၂၀,၀၀၀ ကျပ်စီ ကူညီ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။



news-view-count-icon

13