ဩစတြေးလျနဲ့ နယူးဇီလန်အကြား တက်စ်မန်ပင်လယ်မှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ တရုတ်ရေတပ်ရဲ့ ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုဟာ နို်ငငံတကာဥပဒေတွေကို ကိုက်ညီတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ နိုင်ငံတကာရေပိုင်နက်မှာ စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ သတိပေးမှုတွေ မပြုလုပ်ခဲ့တာကြောင့် ဩစတြေးလျနဲ့ နယူးဇီလန် ခရီးသည်တင်လေကြောင်းလိုင်းတွေရဲ့ ခရီးစဉ်တွေလမ်းကြောင်း ပြောင်းခဲ့ရပြီးနောက် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မှ အခုလို ပြောဆိုလိုက်တာပါ။



